၂၀၂၀ မြန်မာ့ရွေးကောက်ပွဲ
ဆိုင်ရာ ဆောင်းပါးပြိုင်ပွဲ

About The Contest

ကဝိ(KaWi) မှ ပြုလုပ် ကျင်းပသော "၂၀၂၀ ရွေးကောက်ပွဲ ဆိုင်ရာ ဆောင်းပါးပြိုင်ပွဲ" သည် လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် အသက် ၁၈နှစ် ပြည့်ပြီးနှင့် အထက် ပထမဆုံး အကြိမ် စတင် မဲပေးကြမည့် လူငယ် ၅သန်းခန့် အား ရွေးကောက်ပွဲ ဆိုင်ရာ အမုန်းစကား ဖြန့်ဝေသူများ ၏ သားကောင် မဖြစ်စေရန်နှင့် ရွေးကောက်ပွဲ ဆိုင်ရာ သတင်းအချက်အလက်များ မှန်ကန်စွာ သိရှိနိုင်ရေးအတွက် ရည်ရွယ်၍ ကျင်းပပေးခြင်း ဖြစ်ပါသည်။ ဝင်ရောက် ယှဉ်ပြိုင်လာသည့် မြန်မာဆောင်းပါး များအား 'ကဝိ' မြန်မာစာ အမုန်းစကား Detection Engine ဖြင့်လည်း စစ်ဆေးကာ အကောင်းဆုံး ဆောင်းပါးများကို ရွေးချယ်သွားမည် ဖြစ်သောကြောင့် ဆုကြေးအပြင် ရွေးကောက်ပွဲ ဆိုင်ရာ အမုန်းစကားများ၊ သတင်းအမှားများ အား လျော့ချနိုင်မည့် အခွင့်ကောင်းတစ်ခု ဖြစ်ပါသည်။ လူငယ်များ၏ ရွေးကောက်ပွဲ အတွေးအမြင်နှင့် တီထွင် ရေးသား ဖန်တီးနိုင်စွမ်း များကို မျှဝေနိုင်မည့် နေရာတစ်ခု အဖြစ် သင့်ရဲ့ ဆောင်းပါးများ ကို စောင့်မျှော် နေပါသည်။

About the Contest

Overview

ဆုအမျိုးအစား

  • ပထမဆု-၅၀၀,၀၀၀ ကျပ်
  • ဒုတိယဆု-၃၀၀,၀၀၀ ကျပ်
  • တတိယဆု-၂၀၀,၀၀၀ ကျပ်

ဆောင်းပါး တင်ရန်လက်ခံကာလ

  • စက်တင်ဘာလ ၊ ၁၅ရက် ၊ ၂၀၂၀ (အင်္ဂါနေ့) မှ အောက်တိုဘာလ ၊ ၁၀ရက် ၊ ၂၀၂၀ (စနေနေ့) အထိ။

လိုအပ်ချက်များ

  • အသက် ၁၈ နှစ်မှ မှ ၂၅ နှစ်အတွင်း လူငယ်များသာ။

ဆောင်းပါး တင်ရန် နည်းလမ်း

  • က၀ိ-KaWi Page ရှိ Application Form မှ တစ်ဆင့် မိမိ ဆောင်းပါး အား လျှောက်ထားနိုင်ပါသည်။

ဆုရွေးချယ်မည့် ပုံစံ

  • ကိုယ်ပိုင်ဖန်တီးမှုစွမ်းရည်ရှိခြင်း။
  • သတ်မှတ်ထားသောစာလုံးအရေအတွက် ပြည့်မှီခြင်း။
  • သတင်းအချက်အလက်မှန်ကန်ခြင်း။
  • အမုန်းစကားများမပါဝင်ခြင်း။
  • အကြောင်းအရာစုံလင်ပြီး အကြောင်းပြချက်မှန်ကန်ခြင်း။

Result ထုတ်ပြန်မည့်နေ့

  • ၂၀၂၀ အောက်တိုဘာလ ၂၅ ရက်‌နေ့တွင် ကျင်းပမည့် Online Conference တွင် ဆုများကို ကြေငြာပေးသွားပါမည်။

စည်းမျဉ်း စည်းကမ်းများနှင့် လိုက်နာရမည့် အချက်များ -

  • အခြား မည်သည့်နေရာများတွင်မှ အသုံးပြုထားခြင်း မရှိသော ဆောင်းပါးများ ဖြစ်ရပါမည်။ လျှောက်လွှာတင်ထားသော ဆောင်းပါးများသည် သင့်ကိုယ်ပိုင် အတွေးအခေါ်နှင့် သင့်ကိုယ်တိုင် ဖန်တီးမှု ဖြစ်ရပါမည်။
  • နိုင်ငံရေးပါတီများနှင့်ပါတ်သတ်၍မဲဆွယ်သည့်အကြောင်းမဖြစ်ရပါ။
  • အမုန်းစကားများဖြန့်၀ေသော ဆောင်းပါးများမဖြစ်ရပါ။
  • အသက် ၁၈ နှစ်မှ မှ ၂၅ နှစ်အတွင်း လူငယ်များ သာလျှင် ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။

Judge Section

Person Info

ဒေါက်တာ နှင်းအေးသန့်

ဌာနမှုး(သတင်းအချက်အလက် နှင့်နည်းပညာဌာန)

နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး)

Person Info

ဒေါက်တာ ထွန်းလင်းကျော်

တွဲဖက်ပါမောက္ခ
(မြန်မာစာဌာန)

နည်းပညာတက္ကသိုလ်
(ရတနာပုံဆိုက်ဘာစီးတီး)

Person Info

ဒေါက်တာ ထွေးထွေးနိုင်

တွဲဖက်ပါမောက္ခ
(မြန်မာစာဌာန)

နည်းပညာတက္ကသိုလ်
(ရတနာပုံဆိုက်ဘာစီးတီး)

Person Info

ဦးဉာဏ်လင်းထက်

နိုင်ငံခြားရေးဝန်ကြီးဌာန

Person Info

ဦးထင်ကျော်အေး

Ananda Data တည်ထောင်သူ

Wave

Our Community

Community Pic

ကျွန်တော်တို့ရဲ့ activities တွေကို အမြဲလေ့လာ၊ စောင့်ကြည့်နိုင်ဖို့

လေးကို Follow လုပ်ထားလိုက်ပါ။

Endorsed By

United StateUnited State Embassy

Our Partner

About Us

Wave 2
"ကဝိ" ဆိုတဲ့ လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းလေးဟာ ဆိုရင် ဇွန်လ ၁၉ ရက်နေ့ ၂၀၂၀ ပြည့်နှစ်တွင် စတင် အကောင်ထည်ဖော်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ Artificial Intelligence နဲ့ Data Science Startup လေးတစ်ခု အဖြစ် ယနေ့တိုင် ရပ်တည်လျက်ရှိပါတယ်။ ကဝိရဲ့ ဦးတည်ချက်ဟာ ဆိုရင် လူငယ်တွေ ပေါင်းစပ်ပါဝင် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့အလျောက် မြန်မာ့လူငယ်တွေရဲ့ AI နဲ့ ပတ်သက်တဲ့ စွမ်းဆောင်ရည်ကို တိုးပွားစေဖို့နဲ့ Myanmarနိုင်ငံ IT Industry အတွက်အကောင်းဆုံး AI solution တွေကို ဖြန့်ဝေသွားဖို့ရာ ဖြစ်တာမို့ Kawi member များကနေလည်း အကောင်းဆုံး လုပ်ဆောင်လျက် အကောင်ထည်ဖော် နေကြပါတယ်။ "ကဝိ"ဟာ ၁၈-၂၅နှစ် အတွင်းရှိတဲ့ လူငယ် Employees(include Volunteers) ၃၀ကျော်ဖြင့် လှုပ်ရှားနေသော Startup တစ်ခုလည်း ဖြစ်တာမို့ န‌ည်းပညာကို စိတ်အားထက်သန်ပြီး အပြောင်းအလဲကို လိုချင်နေတဲ့ လူငယ်တွေကို လက်တွဲခေါ်ဆောင်ဖို့ရာ အမြဲဝဲလ်ကမ်း ဖြစ်ပါတယ်။ ယခုဆိုရင် "ကဝိ"ကနေ ဦးစီးကျင်းပပေးမယ့် non-profit Article Contest လေးကလည်း လူငယ်တွေကြား ရောက်လာပြီမို့ လူငယ်တွေအနေနဲ့လည်း "ကဝိ" နဲ့ပူးပေါင်းပြီး Digitalခေတ်၊ Information ခေတ်ကို အတူတူလှမ်းကြဖို့ ဖိတ်ခေါ်ပါတယ်။